Skip to main content

Hitachi

Arçelik Hitachi Home Appliances Sales (Singapore) Pte. Ltd.Myanmar

R-M700VAGG9X

Side By Side
Grande
569L
Vacuum Compartment
  • Twetter
  • Share on LinkedIn

Colour


  • Glass Bronze

Features

အစားအစာ လတ်ဆတ်မှုအတွက် အလုံပိတ် လေဟာနယ်

လေဟာနယ် အကန့်

လတ်ဆတ်မှုကို တာရှည်ခံစေမည့် လျှို့ဝှက်ချက်မှာ အောက်ဆီဂျင် ပမာဏများကို လျှော့ချခြင်းဖြစ်သည်။ Hitachi ၏ မူလ လေဟာနယ် ထိန်းသိမ်းနည်းမှာ (လေထုဖိအား) 0.8 atm ခန့်ကို ထိန်းသိမ်းထားရန် လေကို ထုတ်ယူခြင်း ဖြစ်သည်။ အသား၊ ငါးနှင့် နို့ထွက်ပစ္စည်းများကို လတ်လတ်ဆတ်ဆတ်နှင့် အာဟာရဖြစ်အောင် ထိန်းသိမ်းထားပြီး အေးခဲထားသည်ကို အရည်ပျော်အောင် လုပ်စရာမလိုဘဲ အဆင်သင့် ချက်ပြုတ်နိုင်သည်။

လေဟာနယ် အကန့်

အာဟာရထိန်းသိမ်းထားနိုင်မှု

ကျန်းမာစွာ နေထိုင်ပါ။ လေဟာနယ် အကန့်သည် ဓာတ်ပြုခြင်းကို ကာကွယ်ပေးပြီး အစားအစာအတွင်းရှိ အာဟာရဓာတ်များကို ထိန်းသိမ်းပေးသည်။

3 ရက်ကြာ သိမ်းထားပြီးနောက် မက်ကရယ်ငါးရှိ DHA တန်ဖိုး*1

Suranaree နည်းပညာ တက္ကသိုလ်၏ စမ်းသပ်ချက်နှင့် အစီရင်ခံချက်*2

ကနဦး တန်ဖိုး
2.71g/100g

100%*3

ရေခဲသေတ္တာ အကန့်

93%*3

လေဟာနယ် အကန့်

97%*3

*1 စမ်းသပ်ထားသည့် အမျိုးအစား - R-X7300F ။ သိုလှောင်ထားသော အစားအစာ အမျိုးအစားနှင့် လတ်ဆတ်မှုပေါ် မူတည်၍ ရလဒ် ကွဲပြားနိုင်သည်။ ဤရလဒ်သည် နောက်ဆုံးထား၍ သုံးစွဲရမည့် ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးရက်များကို အချိန်တိုးပေးခြင်း မရှိသလို သတ်မှတ်ထားသော အထားခံသည့် သက်တမ်းကိုလည်း အာမခံ မပေးပါ။

*2 Suranaree နည်းပညာတက္ကသိုလ်၊ သိပ္ပံနှင့် နည်းပညာ စက်ကိရိယာများအတွက် စင်တာ၏ စည်းမျဉ်းစည်းကမ်းများ၊ လိုက်နာရမည့်အချက်များအပြင် လေ့လာဆန်းစစ် အကဲဖြတ်စဉ် ရရှိသော စမ်းသပ်မှုရလဒ်များနှင့်အတူ စမ်းသပ်ထားပါသည်။

*3 ဂရပ်တွင် ပြထားသည့် ဒေတာများကို Hitachi က တွက်ချက်ထားပါသည်။

လေဟာနယ် အကန့်

အာဟာရထိန်းသိမ်းထားနိုင်မှု

ကျန်းမာစွာ နေထိုင်ပါ။ လေဟာနယ် အကန့်သည် ဓာတ်ပြုခြင်းကို ကာကွယ်ပေးပြီး အစားအစာအတွင်းရှိ အာဟာရဓာတ်များကို ထိန်းသိမ်းပေးသည်။

3 ရက်ကြာသိုလှောင်ထားသည့် နာနတ်သီးတွင် ပါဝင်သည့် ဗီတာမင် C တန်ဖိုး*14

Suranaree နည်းပညာ တက္ကသိုလ်၏ စမ်းသပ်ချက်နှင့် အစီရင်ခံချက်*2

ကနဦး တန်ဖိုး
3.61mg/100g

100%*3

ရေခဲသေတ္တာ အကန့်

63%*3

လေဟာနယ် အကန့်

81%*3

*1*4 စမ်းသပ်ပြီး အမျိုးအစား - R-M80VAGGD9X ။ သိုလှောင်ထားသော အစားအစာ အမျိုးအစားနှင့် လတ်ဆတ်မှုပေါ် မူတည်၍ ရလဒ် ကွဲပြားနိုင်သည်။ ဤရလဒ်သည် နောက်ဆုံးထား၍ သုံးစွဲရမည့် ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးရက်များကို အချိန်တိုးပေးခြင်း မရှိသလို သတ်မှတ်ထားသော အထားခံသည့် သက်တမ်းကိုလည်း အာမခံ မပေးပါ။

*2 Suranaree နည်းပညာတက္ကသိုလ်၊ သိပ္ပံနှင့် နည်းပညာ စက်ကိရိယာများအတွက် စင်တာ၏ စည်းမျဉ်းစည်းကမ်းများ၊ လိုက်နာရမည့်အချက်များအပြင် လေ့လာဆန်းစစ် အကဲဖြတ်စဉ် ရရှိသော စမ်းသပ်မှုရလဒ်များနှင့်အတူ စမ်းသပ်ထားပါသည်။

*3 ဂရပ်တွင် ပြထားသည့် ဒေတာများကို Hitachi က တွက်ချက်ထားပါသည်။

လေဟာနယ် အကန့်

လတ်ဆတ်မှု ထိန်းသိမ်းခြင်း

အစားအသောက်များကို အေးခဲမသွားစေဘဲ လတ်ဆတ်အောင် ထိန်းထားခြင်းဖြင့် မူလအရောင်အဆင်းနှင့်အရသာကို အကောင်းဆုံးထိန်းသိမ်းထားပြီး၊ ထုပ်ပိုးရန် အလုပ်ရှုပ်စရာမလိုအပ်ဘဲ အစိုဓာတ်ကို ထိန်းထားနိုင်ပါသည်။*5

ဝက်ပေါင်ခြောက် အသားပြားများ

94.9%

လေဟာနယ် အကန့်

32.8%

ရေခဲသေတ္တာအခန်း

ချိစ်ပြားများ

98.6%

လေဟာနယ် အကန့်

68.6%

ရေခဲသေတ္တာအခန်း

ဆယ်လမွန်ငါး

96.8%

လေဟာနယ် အကန့်

73.1%

ရေခဲသေတ္တာအခန်း

ဝက်သစ်ချဆလတ်ရွက်နီ

96.9%

လေဟာနယ် အကန့်

67.3%

ရေခဲသေတ္တာအခန်း

**5 ထိန်းထားပေးနိုင်သည့် စိုစွတ်မှု အဆင့်ကို Hitachi က စမ်းသပ်ပြီးဖြစ်ပါသည်။ စမ်းသပ်ပြီး အမျိုးအစား- R-S38JV ။

လေဟာနယ် အကန့်

လတ်ဆတ်မှု ထိန်းသိမ်းခြင်း

အစားအသောက်များကို အေးခဲမသွားစေဘဲ လတ်ဆတ်အောင် ထိန်းထားခြင်းဖြင့် မူလအရောင်အဆင်းနှင့်အရသာကို အကောင်းဆုံးထိန်းသိမ်းထားပြီး၊ ထုပ်ပိုးရန် အလုပ်ရှုပ်စရာမလိုအပ်ဘဲ အစိုဓာတ်ကို ထိန်းထားနိုင်ပါသည်။ *5

ဆယ်လမွန်ငါး

96.8%

လေဟာနယ် အကန့်

73.1%

ရေခဲသေတ္တာအခန်း

ဝက်သစ်ချဆလတ်ရွက်နီ

96.9%

လေဟာနယ် အကန့်

67.3%

ရေခဲသေတ္တာအခန်း

လေဟာနယ် အကန့်

ဟင်းခတ် အမွှေးအကြိုင် စိမ့်ဝင်မြန်ခြင်း

အအေးခန်းသည် သိုလှောင်ထားသည့်အစားအသောက်များထံမှ လေကိုဖယ်ထုတ်ပေးသဖြင့် ဟင်းခတ် အမွှေးအကြိုင်များကို လျင်မြန်စွာ ပျော်ဝင်စုပ်ယူစေသောကြောင့် အမွှေးအကြိုင်များ မြန်ဆန်စွာ စိမ့်ဝင်သွားစေပါသည်။ အသားများကို အရသာစိမ်၍ နှပ်ခြင်း သို့မဟုတ် အခြောက်အခြမ်းများကို ခြောက်သွေ့စေခြင်း စသကဲ့သို့သော ချက်ပြုတ်ခြင်းနှင့် အမွှေးအကြိုင်ခတ်ခြင်းတို့အတွက် လိုအပ်ချိန် ပိုမိုနည်းသွားသဖြင့် စားရန်အတွက် အချိန်ပိုရစေပါသည်။

ဟင်းခတ်အမွှေးအကြိုင် စိမ့်ဝင်မှုနှုန်း*6

လေဟာနယ် အကန့်

ရေခဲသေတ္တာ အကန့်

**6 Hitachi က စမ်းသပ်စစ်ဆေးထားသည်။ စမ်းသပ်ပြီး အမျိုးအစား- R-S38JV ။ သိုလှောင်ထားသော အစားအစာ အမျိုးအစားနှင့် လတ်ဆတ်မှုပေါ် မူတည်၍ ရလဒ် ကွဲပြားနိုင်သည်။

လေဟာနယ် အကန့်

အကောင်းဆုံး ထိန်းသိမ်းခြင်း

သင်၏ စားသောက်ဖွယ်ရာအမျိုးမျိုးကို အကောင်းဆုံးအခြေအနေတွင် ထိန်းသိမ်းထားရှိပေးပါသည်။

လေဟာနယ် အကန့်

လတ်ဆတ်စေမှု နည်းပညာသည် 0.8 atm လေဟာနယ်*ကို ထိန်းသိမ်းပေးသည်

Hitachi ၏ အဆင့်မြင့်ဆုံးနှင့် စိတ်ချယုံကြည်ရဆုံး တီထွင်ဆန်းသစ်မှု- အလုံပိတ်ထားသည့် ဖိအားဒဏ်ခံ လေဟာနယ်က လေဟာနယ် ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေပြီး ထိန်းသိမ်းပေးထားသည်။ အသုံးပြုနေစဉ်ကာလတစ်လျှောက်လုံး 0.8 atm (လေထုဖိအား) နီးပါး ဖြစ်ပေါ်စေရန် လေစုပ်ပံ့တစ်ခုက လေကို စုပ်ယူပြီး အောက်စီဂျင်ကို လျှော့ချပေးသည်။

* လေဟာနယ်ဆိုသည်မှာ လေထုဖိအားထက် ဖိအားပိုနည်းသည့် နေရာကိုဆိုလိုသည်။ လေဟာနယ်အကန့်ထဲရှိ ဖိအားသည် လေထုဖိအားထက် ပိုနည်းပြီး 0.8 atm ခန့်ရှိသဖြင့် Hitachi က ယင်းကို လေဟာနယ်ဟု ခေါ်ခြင်းဖြစ်သည်။

အဆင်ပြေမှုရှိရန် ဒီဇိုင်းဖန်တီးထားသည်

Auto တံခါး

Autoတံခါး နည်းပညာဖြင့် ယခင်မကြုံဖူးသည့် တံခါးဖွင့်ပုံ ဖွင့်နည်းများဖြင့် အသုံးပြုခံစားနိုင်မည်။ သင့်လက်မအားလျှင်ဖြစ်စေ၊ တံခါးအတွင်း ပစ္စည်းအစုံ အပြည့်အကြပ် ထည့်ထားလျှင်ဖြစ်စေ တံခါးကို တစ်ချက်ထိရုံဖြင့် ဖွင့်သည့်နည်း နှစ်နည်း ပါရှိပါသည်။

ထိ၍ဖွင့်ခြင်း

ရေခဲခန်း သို့မဟုတ် ရေခဲသေတ္တာ တံခါးကို ဖွင့်ရန်

ဖိဆွဲ၍ ဖွင့်ခြင်း

ရေခဲခန်း သို့မဟုတ် ရေခဲသေတ္တာ တံခါးကို ဖွင့်ရန်

Auto တံခါး

အဆင်ပြေမှုရှိရန် ဒီဇိုင်းဖန်တီးထားသည်

Touch Screen ထိန်းချုပ်စနစ်

ဖန်သားပြင်ထိန်းချုပ်စနစ်ကို တစ်ချက်နှိပ်ရုံဖြင့် setting များကို ပြောင်းလဲနိုင်စေသည်။ Tempered glassမျက်နှာပြင်ကို တစ်ချက်ပွတ်တိုက်ရုံဖြင့် သန့်ရှင်းရေးလုပ်နိုင်သည်။

အလိုအလျောက် စွမ်းအင် ချွေတာခြင်း

စွမ်းအင်ချွေတာခြင်းအတွက် ထိန်းချုပ်ခြင်းအာရုံခံကိရိယာ

အနားသို့ လူကပ်လာမှသာ ထိန်းချုပ်စနစ်ကို အလိုအလျောက် ပြသပေးမည် ဖြစ်သည်။ ရေခဲသေတ္တာ အနီးအနားတွင် လူရှိမရှိ အာရုံခံသိရှိပြီး စွမ်းအင် ချွေတာခြင်းကို အလိုအလျောက် အဖွင့်အပိတ် လုပ်ပေးသည်။ ၎င်းသည် သင်ခရီးသွားချိန် သို့မဟုတ် သင့်နေအိမ်မှ အချိန်အတန်ကြာ ခွဲခွာနေရချိန်တွင် အသုံးဝင်ပါသည်။

ရှေ့ဆောင် စွမ်းအင်ချွေတာမှုစနစ်

VIP – Vacuum Insulation Panel Technology

VIP ဆိုသည်မှာ အလွန်ပါးလွှာသော ဖိုင်ဘာလေဟာနယ် တစ်လွှာ အတွင်း၌ပါရှိသည့် ပန်နယ်ပါးတစ်ခု ဖြစ်ပြီး ၎င်းသည် သမားရိုးကျ အသုံးပြုလျက်ရှိသည့် အပူကာပစ္စည်းဖြစ်သော ယူရီသိမ်းထက် အဆများစွာ မြင့်မားသည့် အပူကာ စွမ်းဆောင်ရည်ကို ရရှိစေပါသည်။ ၎င်းသည် ပြင်ပမှအပူကို ကာကွယ်ပေးပြီး စွမ်းအင်အား အထူးကောင်းမွန်စွာ ချွေတာပေးနိုင်သည်။ 15 နာရီအထိ အအေးဓာတ် ထိန်းထားနိုင်ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်နေချိန်တွင် အပူကာကွယ်မှု စွမ်းဆောင်ရည် အထူးမြင့်မားစွာ ပြသမည်ဖြစ်သည်။

* ပုံမှာ နမူနာပြရန်အတွက်သာဖြစ်ပါသည်။ Hitachi က စမ်းသပ်စစ်ဆေးထားသည်။ Hitach ၏ ပစ္စည်းအစုံဖြင့် နှိုင်းယှဉ်စစ်ဆေးထားခြင်း ဖြစ်သည်။

* ပုံမှာ နမူနာပြရန်အတွက်သာဖြစ်ပါသည်။ Hitachi က စမ်းသပ်စစ်ဆေးထားသည်။ Hitach ၏ ပစ္စည်းအစုံဖြင့် နှိုင်းယှဉ်စစ်ဆေးထားခြင်း ဖြစ်သည်။

ရှေ့ဆောင် စွမ်းအင်ချွေတာမှုစနစ်

* ပုံမှာ နမူနာပြရန်အတွက်သာဖြစ်ပါသည်။ Hitachi က စမ်းသပ်စစ်ဆေးထားသည်။ Hitach ၏ ပစ္စည်းအစုံဖြင့် နှိုင်းယှဉ်စစ်ဆေးထားခြင်း ဖြစ်သည်။

စွမ်းအင် ချွေတာခြင်း

အင်ဗာတာ X ပန်ကာနှစ်လုံး အအေးပေးစနစ်

ရေခဲခန်းကိုရော ရေခဲသေတ္တာ အကန့်များကိုပါအကောင်းဆုံး အအေးပေးသည်။ ယင်းက ပန်ကာတစ်လုံးတည်းဖြင့် မလုပ်နိုင်သည့် အရာတစ်ခုဖြစ်သည်။ အအေးပေး ပန်ကာများဖြင့် ပိုမိုကောင်းမွန်လာသည့် ပန်ကာနှစ်လုံး အအေးပေးစနစ်က စွမ်းအင်ချွေတာပေးသလို အအေးပေးခြင်းကိုလည်း ထိရောက်စေသည်။ အကန့်တိုင်းတွင် အသင့်တော်ဆုံး အပူချိန် ပြောင်းလဲမှုကို ထိန်းသိမ်းထားနိုင်ရန် အပူချိန် ပြောင်းလဲမှုတိုင်းကို သီးခြားစီ သတိပြုပေးသည့် Eco Thermo ဆင်ဆာကို အကန့်တိုင်းတွင် ထည့်သွင်းပေးခြင်းဖြင့် စွမ်းအင်ချွေတာမှုနှင့် ထိရောက်သော အအေးပေးမှုကို ရရှိစေသည်။

* ပုံမှာ နမူနာပြရန်အတွက်သာဖြစ်ပါသည်။

* ပုံမှာ နမူနာပြရန်အတွက်သာဖြစ်ပါသည်။

* ပုံမှာ နမူနာပြရန်အတွက်သာဖြစ်ပါသည်။

အင်ဗာတာ X ပန်ကာနှစ်လုံး အအေးပေးစနစ်

အင်ဗာတာ

စွမ်းအားမြင့် အင်ဗာတာ ကွန်ပရက်ဆာ

အေးစိမ့်သော လေပမာဏများစွာ ထုတ်ပေးသည့်အပြင် မိုက်ခရိုကွန်ပျူတာ ထိန်းချုပ်မှုဖြင့် ထိရောက်သော ပါဝါလျှော့သုံး အအေးပေးစနစ်ကြောင့် သူမတူအောင် စွမ်းအားပြင်းသည့် အအေးပေးစနစ်ကို ပံ့ပိုးပေးနိုင်သည်။

အင်ဗာတာ X ပန်ကာနှစ်လုံး အအေးပေးစနစ်

အာရုံခံကိရိယာနှစ်ခုဖြင့် ထိန်းချုပ်ခြင်း

Eco Thermo ဆင်ဆာနှစ်ခုပါပြီး ရေခဲခန်းတွင် တစ်ခုနှင့် ရေခဲသေတ္တာ အကန့်တွင် တစ်ခုဖြစ်သည်။ ဆင်ဆာများက အကန့်တိုင်းတွင် အကောင်းဆုံး အပူချိန်များကို ထိန်းသိမ်းပေးနိုင်ရန် အပူချိန် ပြောင်းလဲမှုတိုင်းကို သီးခြားစီ သတိပြုပေးသည်။

ခန့်မှန်းခြေ 3°C

ရေခဲသေတ္တာ

ခန့်မှန်းခြေ -18°C

ရေခဲခန်း

အင်ဗာတာ X ပန်ကာနှစ်လုံး အအေးပေးစနစ်

စွမ်းအင် ချွေတာခြင်း

မည်သည့်အကန့်ကို အေးစိမ့်သောလေပမာဏ မည်မျှပို့လွှတ်မည်ကို ထိန်းချုပ်ပေးခြင်းဖြင့် စွမ်းအင်ဖြုန်းတီးမှု မရှိအောင် သေချာဆောင်ရွက်ပြီး ကမ္ဘာ့ထိပ်တန်း စွမ်းအင်ချွေတာမှု အဆင့်များ ရရှိစေသည်။

ထိရောက်သော အအေးပေးစနစ်

ပတ်ဝန်းကျင် အပူချိန်မှာ 60°C အထိ တက်လာစေကာမူ ရေခဲသေတ္တာအတွင်း ထောင့်စုံနေရာစုံကို သေချာစွာအအေးပေးနိုင်ပါသည်။

ဗို့အားထိန်းညှိကိရိယာ မလို

အထူး ဗို့အားထိန်းညှိကိရိယာတစ်ခု မပါသည့်တိုင် Hitachi ၏ အင်ဗာတာနည်းပညာသုံး ရေခဲသေတ္တာသည် 130v-300v အထိ ဗို့အားအတက်အကျ များသည့် အခြေအနေတွင်ပင် အသုံးပြုနိုင်သည်။

ကြာရှည်အအေးထိန်းသိမ်းပေးသည့်စနစ်

မီးပျက်သွားသည့်တိုင် အစားအစာများ လတ်ဆတ်နေစေရန် ရေခဲခန်းရှိ အပူချိန်ကို 15 နာရီအထိ ထိန်းထားပေးသည်။

* Hitachi က စမ်းသပ်စစ်ဆေးထားသည်။ အသုံးပြုပုံ အခြေအနေများသည် အနေအထားအပေါ် မူတည်၍ ကွဲပြားနိုင်သည်။

Inverter × Dual Fan Cooling

ဗို့အားထိန်းညှိကိရိယာ မလို

အထူး ဗို့အားထိန်းညှိကိရိယာတစ်ခု မပါသည့်တိုင် Hitachi ၏ အင်ဗာတာနည်းပညာသုံး ရေခဲသေတ္တာသည် 130v-300v အထိ ဗို့အားအတက်အကျ များသည့် အခြေအနေတွင်ပင် အသုံးပြုနိုင်သည်။

ကြာရှည်အအေးထိန်းသိမ်းပေးသည့်စနစ်

မီးပျက်သွားသည့်တိုင် အစားအစာများ လတ်ဆတ်နေစေရန် ရေခဲခန်းရှိ အပူချိန်ကို 15 နာရီအထိ ထိန်းထားပေးသည်။

* Hitachi က စမ်းသပ်စစ်ဆေးထားသည်။ အသုံးပြုပုံ အခြေအနေများသည် အနေအထားအပေါ် မူတည်၍ ကွဲပြားနိုင်သည်။

ရေသန့်ဘူးအတွင်းမှ ရေသန့်

တိုင်ကီအမျိုးအစား ရေခဲနှင့် ရေအေးစက်

သောက်ရေ သို့မဟုတ် အခြား ရေသန့်ကို 3.2L ရေတိုင်ကီအတွင်း လောင်းထည့်လိုက်ပါ။ သင့်အတွက် ရေခဲတုံးလေးများဖြင့် ရေကို ထုတ်ပေးပြီး အလိုအလျောက် ရေခဲလည်း ခဲပေးပါသည်။ ခက်ခက်ခဲခဲ ပိုက်ဆင်ရန်မလိုဘဲ ဤရေခဲသေတ္တာကို မည်သည့်နေရာတွင်မဆို တပ်ဆင်နိုင်ပါသည်။

စွမ်းအားပြင်း အနံ့အသက်ဖယ်ရှားခြင်း

စွမ်းအားသုံးမျိုးပေါင်း စစ်ထုတ်ကိရိယာ

စွမ်းအားသုံးမျိုးပေါင်း စစ်ထုတ်ကိရိယာက အနံ့အသက်များကို ဖယ်ရှားပေးသည်*1 ဘက်တီးရီးယားများကို 99% ဖယ်ရှားပေးသည်။*2

ကြက်သွန်နီနှင့်ကြက်သွန်ဖြူ

မီသိုင်း မာကပ်တန်

ငါးအစိမ်း

အမိုးနီးယား

ရှာလကာရည်

အက်ဆီတယ်လ်ဒီဟိုက်ဒ်

*1 အနံ့အသက် အမျိုးအစား 7 မျိုးကို စုပ်ယူဖယ်ရှားပေးသည့် စွမ်းအားသုံးမျိုးပေါင်းထားသော စစ်ထုတ်ကိရိယာ (Hitachi က စမ်းသပ်စစ်ဆေးထားသည် အနံ့အသက်များ၏ အမျိုးအစား- မီသိုင်း မာကပ်တန်၊ အမ်မိုးနီးယား၊ အက်ဆီတယ်လ်ဒီဟိုက်ဒ် ၊ ထရိုင်မီသိုင်လ်အမင်း၊ ပရိုပနောလ်၊ ဟက်ဇာနောလ်နှင့် အက်စီတစ်အက်စစ်)။

*2 ဤနည်းအားဖြင့် ပိုးသတ်ပေးသည့် ရလဒ်ဖြစ်ပေါ်စေသည်။ Activated Carbon၊ Zeolite နှင့် Manganese Oxide (ဓာတ်ကူပစ္စည်း) ၏ ဂုဏ်သတ္တိများကို ပေါင်းစပ်ခြင်းဖြင့် စစ်ထုတ်ကိရိယာသည် အချိန်နှင့်အမျှ ရှိလာသည့် အနံ့အသက်များကို ရာခိုင်နှုန်း များစွာ လျှော့ချပေးသည်။ စစ်ဆေးသည့် အဖွဲ့အစည်း- Boken Quality Evaluation Institute. စစ်ဆေးသည့် နည်းလမ်း- အလွှာကပ်သည့် နည်းလမ်း (JISZ2801). စီမံဆောင်ရွက်သည့် အစိတ်အပိုင်းအမည်- စစ်ထုတ်ကိရိယာ။ ပိုးသတ်မှုနည်းလမ်း- စစ်ထုတ်ရန် ဓာတ်တိုး ဓာတ်ကူပစ္စည်း အသုံးပြုခြင်း အကြောင်းအရာ- စစ်ထုတ်ကိရိယာထဲတွင် ဘက်တီးရီးယားများကို ပိတ်မိစေသည်။ စစ်ဆေးမှု ရလဒ်များ- စစ်ထုတ်ကိရိယာတစ်ခုတည်း သုံးရုံဖြင့် 24 နာရီကြာပြီးနောက် 99% ပိုးသတ်ပေးသည်။ ပတ်ဝန်းကျင်နှင့် ရေခဲသေတ္တာထဲရှိ အစားအစာအပေါ် ထိခိုက်မှုမရှိပါ။

စွမ်းအားသုံးမျိုးပေါင်း စစ်ထုတ်ကိရိယာ

လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ

သီးခြား ဟင်းသီးဟင်းရွက်အကန့်

ကြာရှည် လတ်ဆတ်မှုရှိနေစေရန် တစ်ဆင့်ခံ အအေးပေးသည့်စနစ်ဖြင့် အကန့်တိုင်းတွင် အစားအစာ၏ စိုထိုင်းဆမြင့်မားမှုကို 90%* ခန့် အကောင်းဆုံး အဆင့်တွင် ထိန်းသိမ်းပေးသည်။ ထို့အပြင် လုံးဝ သီးခြားဖြစ်သော အကန့်ကြောင့် လေထုကို အမြဲအပြည့်အဝ သန့်စင်စေပြီး စွမ်းအားသုံးမျိုးပေါင်း စစ်ထုတ်ကိရိယာ၏ ကျေးဇူးကြောင့် အနံ့မပြန့်လွင့်စေပါ။

* Hitachi က စမ်းသပ်စစ်ဆေးထားသည်။ ဟင်းသီးဟင်းရွက် ပမာဏနှင့် အမျိုးအစားကိုလိုက်၍ ကွဲပြားမှုရှိသည်။

* Hitachi က စမ်းသပ်စစ်ဆေးထားသည်။ ဟင်းသီးဟင်းရွက် ပမာဏနှင့် အမျိုးအစားကိုလိုက်၍ ကွဲပြားမှုရှိသည်။

လှပတင့်တယ်သည့် အတွင်းပိုင်းဒီဇိုင်း

ရေခဲသေတ္တာ အတွင်းပိုင်းကို လှပတင့်တယ်စွာ ဒီဇိုင်းဆင်ထားသလို တောက်ပပြီး စွမ်းအင်သက်သာသည့် LED မီးများ၊ တင့်တယ်သော ရေဘူးနှင့် ဝိုင်ထည့်ရန်စင်များဖြင့် သိုလှောင်ရန် နေရာအပိုတို့ ပါရှိပြီး အသုံးပြုသူအတွက်လည်း အဆင်ပြေစေမည် ဖြစ်ပါသည်။ အလူမီနီယမ်အနားကွတ်ဘောင်ကြောင့် တောက်ပသော အတွင်းအကန့်များက ဈေးကြီးဇိမ်ခံပစ္စည်းပုံစံမျိုးလည်း ဖြစ်စေပါသည်။

ထိရောက်သော အအေးပေးစနစ်

မြန်ဆန်ထိရောက်စွာ အအေးပေးလိုသည့်အခါ 19%* ခန့် ပိုမိုမြန်ဆန်စွာ အေးစေသည်။

* Hitachi က စမ်းသပ်စစ်ဆေးထားသည်။ အမြန်အအေးပေး စနစ် ဖွင့်ခြင်းနှင့် ပိတ်ခြင်းကြား နှိုင်းယှဉ်ချက်။

* Hitachi က စမ်းသပ်စစ်ဆေးထားသည်။ အမြန်အအေးပေး စနစ် ဖွင့်ခြင်းနှင့် ပိတ်ခြင်းကြား နှိုင်းယှဉ်ချက်။

Tech Spec

Door 3 Door
Series Grande
Net Capacity (L) Total / 569
Refrigerator / 362
Freezer / 207
Dimensions (mm) Width / 920
Height / 1795
Depth with Handle / 720
Depth without Handle / 720
INVERTER × Dual Fan Cooling
Refrigerator Compartment Water Tank with Filter
Bottle and Wine Shelf
Tempered Glass Shelves
Dairy Pocket
LED Light
Quick Cooling
Vacuum Compartment Vacuum Compartment (5.8L)
LED Light
Vegetable Compartment Separate Vegetable Compartment
Super Moist Drawers / 3
LED Light
Freezer Compartment Automatic Ice Maker
Quick Freezing
Tempered Glass Shelves
Drawers / 3
LED Light
General Features Ice & Water Dispenser
VIP (Vacuum Insulation Panel)
Auto Door
Eco Monitoring Sensor
Eco Thermo-Sensor
Touch Screen Controller
Dual Sensing Control (with Eco Thermo-Sensor)
Triple Power Filter
Door Alarm
Common Features Refrigerant R-600a
CFC-Free
HFC-Free
No Frost
Mouldproof Door Gasket
Colour Glass Bronze (GBZ)
Specifications and designs are subject to change without notice.
Colour tone of actual products may differ from those shown on the websıte.