တန်ဖိုးအသစ်ကို ဖန်တီးခြင်း

ထုတ်ကုန်များဖွံ့ဖြိုးတိုးတက်မှု ဇာတ်လမ်းများ

လေလုံခန်း (Vacuum Compartment) ၏လုပ်ဆောင်ချက် စမ်းသပ်မှု

စမ်းသပ်မှုပေါင်း 6,000 ကျော် ပြုလုပ်ပြီးတဲ့အခါမှတော့ ဆူးထူတဲ့ ပုစွန်တုပ်ကြီးကစလို့ လတ်ဆတ်တဲ့ ဒိန်ချဉ်အထိ အစားအစာတွေရဲ့ လတ်ဆတ်မှုနဲ့ အာဟာရဓာတ်တွေကို ထိန်းသိမ်းပေးနိုင်မယ့် နည်းလမ်းတွေကို ကျွန်ုပ်တို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Atsuko Funayama and Mako Kokubu – from the Products Division Refrigeration and
Heating Home Appliances Unit Design Department – are the inventive engineers of Hitachi's new Side By Side Refrigerator.

အာဟာရဓာတ်နှင့် လတ်ဆတ်မှုကို ထိန်းသိမ်းထားပေးရန် ရိုးရိုး "လေဟာနယ် အခန်းကျယ်" ထဲတွင် အောက်ဆီဂျင်ဓာတ်နည်းသော ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်း

ရေခဲသေတ္တာ၏ မရှိမဖြစ် လုပ်ဆောင်ချက်တစ်ခုမှာ အစားအစာနှင့် ပါဝင်ပစ္စည်းများကို ထိန်းသိမ်းထားပေးရန်ဟူသော အချက်သည် အဓိက အကြောင်းပြချက်တစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် တတ်နိုင်သမျှ အလတ်ဆတ်ဆုံး၊ အာဟာရဓာတ် အပြည့်ဝဆုံးဖြစ်အောင် အစားအစာနှင့် ပါဝင်ပစ္စည်းများကို မည်မျှအထိ ကျွန်ုပ်တို့ ထိန်းသိမ်းပေးထားနိုင်မည်ကို သိရှိရန်မှာ ကျွန်ုပ်တို့၏ အလုပ်တစ်ခု ဖြစ်ပါသည်။
"လေဟာနယ် အခန်းကျယ်" ဟူသော သဘောတရား၏ နောက်ကွယ်ရှိ မူရင်း သဘောတရားမှာ ဂျပန်နိုင်ငံတွင် အလုပ်လုပ်သည့် အမျိုးသမီးဦးရေ မြင့်တက်လာသည်နှင့်အမျှ ၎င်းတို့အတွက် ရက်ပေါင်းများစွာ အထားခံမည့် လတ်ဆတ်သော အစားအစာများကို တစ်ပြိုင်နက်တည်း ဝယ်ယူရေးသည် ခေတ်တစ်ခေတ် ဖြစ်လာခဲ့သည်။ ထိုအတွက်ကြောင့် ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝှမ်းရှိ လူထုတစ်ရပ်လုံးအတွက် အစားအစာများကို လတ်လတ်ဆတ်ဆတ်နှင့် အာဟာရဓာတ် ပြည့်ဝစွာ ထိန်းသိမ်းထားပေးမည့် ရေခဲသေတ္တာများ ထားရှိခြင်းဖြင့် မိမိတို့၏ အစားအစာများကို အပြည့်အဝ ခံစားသုံးဆောင်နိုင်စေရန် ဆောင်ရွက်ပေးလိုခဲ့ပါသည်။ ဤသဘောတရားကို အခြေခံပြီး “လေဟာနယ် အခန်းကျယ်” လုပ်ဆောင်ချက်ကို ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။

ပုံမှန် အအေးပေးသည့် စနစ်သည် အပူချိန်ကို 0℃ လောက်တွင် ထားရှိပေးခြင်းဖြင့် အစားအစာများ လတ်ဆတ်မှုရှိစေရန် ထိန်းသိမ်းပေးသော်လည်း ၎င်းသည် အောက်ဆီဂျင်နှင့် အလွယ်တကူ ဓာတ်ပြုသည့် ဗီတာမင်နှင့် အမိုင်နိုအက်ဆစ်များကဲ့သို့ အာဟာရဓာတ်များကို ထိန်းသိမ်းပေးနိုင်ခြင်း မရှိပါ။ ထို့ကြောင့် အလွယ်တကူ အောက်ဆီဂျင်နှင့် ဓာတ်ပြုတတ်သော အာဟာရဓာတ်များကို ထိန်းသိမ်းပေးနိုင်မည့် အောက်ဆီဂျင်နည်းသည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးရန်အတွက် လေဖိအားကို 0.8atm ခန့်တွင် ထိန်းသိမ်းထားပေးနိုင်မည့် အလုံပိတ်ပိတ် တည်ဆောက်ထားသော အအေးခံ အကန့်ကို ဖန်တီးရန် စိတ်ကူးရရှိခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းသည် "လေဟာနယ် အခန်းကျယ်" ပင် ဖြစ်ပါသည်။
အသား၊ ငါးများကို ထိန်းသိမ်းပေးနိုင်မည့် သမားရိုးကျ နည်းလမ်းကို မပြောင်းလဲဘဲ ရေခဲသေတ္တာထဲတွင် လေဟာနယ်တစ်ခု ထည့်ပေးရန် ဆုံးဖြတ်ချက်သည် လက်ရှိ ရလဒ်ကို ထွက်ပေါ်လာစေခဲ့ခြင်း ဖြစ်ပါသည်။

အစားအစာနှင့် အာဟာရဓာတ်များကို အမျိုးမျိုး ပေါင်းစည်း အသုံးပြုပြီး ရလဒ်များကို ပြည့်စုံ နှံ့စပ်စွာ စစ်ဆေးအတည်ပြုထားခြင်း

"လေဟာနယ် အခန်းကျယ်" ကို အပြီးသတ် မတီထွင်မီ အစားအစာများ၏ လတ်ဆတ်မှုနှင့် အာဟာရဓာတ် ပြည့်ဝနေမှုကို အကြိမ်ပေါင်း 6000 ကျော် အကြိမ်ကြိမ် အဖန်ဖန် စမ်းသပ်ခဲ့ပြီး ဖြစ်ပါသည်။ စမ်းသပ် စစ်ဆေးရာတွင် အစားအစာ အမျိုးမျိုးကို စမ်းသပ်ခဲ့သည့်အပြင် ငါးတစ်မျိုးတည်းအတွက်ကိုပင် ဆော်လမွန်ငါး၊ တူနာငါးနှင့် ဆာဒင်းငါး စသည်ဖြင့် မတူညီသော ငါးအမျိုးအစား ခြောက်မျိုးလောက်ကို စမ်းသပ် စစ်ဆေးခဲ့ပါသည်။ အသား၊ ဟင်းသီးဟင်းရွက်၊ သစ်သီးနှင့် အခြား အစားအစာများကိုလည်း စမ်းသပ် စစ်ဆေးခဲ့ပါသေးသည်။ ပင်လယ်စာ အစိမ်းစားခြင်းသည် ဂျပန်လူမျိုးတို့၏ အစဉ်အလာ စားသောက်မှု ပုံစံတစ်ခုဖြစ်သောကြောင့် ဆူးထူသော ပုစွန်တုပ် အရှင်ကြီးများနှင့် ဂျပန် ဂုံးချော အရှင်များဖြင့်လည်း စမ်းသပ်ခဲ့ပါသည်။ "လေဟာနယ် အခန်းကျယ်" ထဲတွင် သုံးရက်ကြာ ထည့်ထားပြီးသည့်တိုင် ၎င်းတို့သည် အသက်ရှင်လျက် ရှိနေပါသည်။ အထူးသဖြင့် အလွန် အရည်အသွေးကောင်းသည့် ပုစွန်ဆိတ်လေးများ ချက်ချင်း ပျက်စီးသွားသည့်အခါမျိုးတွင် လူတို့သည် အလွန် စိတ်ပျက်ကြရပါသည်။ ထို့ကြောင့် ဤပြဿနာကို ဖြေရှင်းနိုင်သည်ဟု သိရှိလိုက်ရခြင်းသည် အလွန်ပင် အံ့သြဖွယ်ရာ ဖြစ်ခဲ့ပါသည်။

ထို့နောက် ကျွန်ုပ်တို့သည် ဒိန်ချဉ်နှင့် natto (အချဉ်ဖောက်ထားသည့် ပဲပိစပ်) ကဲ့သို့ ပိုးမွေးမြူထားသော အစားအစာများကို မည်သို့ ထိန်းသိမ်းပေးသည်ကိုလည်း သိလိုသည့်အတွက် လက်တစ်အက်ဆစ် ဘက်တီးရီးယားများ အသက်ရှင်ခြင်း ရှိမရှိကိုလည်း စစ်ဆေးမှုများစွာ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။
ကျွနု်ပ်တို့သည် အစားအစာ အမျိုးအစား အသီးသီးအတွက် အာဟာရဓာတ်များကိုလည်း လေ့လာခဲ့ပြီး အောက်ဆီဂျင်ကြောင့် လျော့ကျသွားလေ့ရှိသည့် ဗီတာမင် အေ၊ ဘီ၊ စီနှင့် ဒီ၊ အမိုင်နို အက်ဆစ်များ ပါဝင်သည့် အစားအစာများကို ရွေးချယ် စမ်းသပ်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် လူသားတို့၏ ကျန်းမာရေးနှင့် သင့်လျော်မည့် အစားအစာများကို ဆက်လက် ရှာဖွေခဲ့ပြီး အောက်ဆီဂျင်ကြောင့် ၎င်းတို့၏ အရည်အသွေး လျော့ကျသွားခြင်း ရှိမရှိကိုလည်း လေ့လာခဲ့သည်။

သုံးစွဲသူများထံမှ မှတ်ချက်ကောင်းများကို ရရှိခဲ့ပါသည်

ဥပမာ အရသာရှိလှသော ပုစွန်ဆိတ်တစ်မျိုးသည် ချက်ချင်း မဲသွားသည့်အတွက် ဈေးကွက်တွင် ရောင်းချ၍ မရနိုင်သည့်အပြင် ရေခဲသေတ္တာထဲ ထည့်ထားသည့်တိုင် တစ်ရက်ပင် မခံဘဲ အရောင်ပြောင်းသွားကြောင်း တံငါသည်တစ်ဦးက ကျွန်ုပ်တို့ကို ပြောပြခဲ့ပါသည်။ ထိုအတွက်ကြောင့် ဖမ်းမိသည့်နေ့တွင်ပင် မစားသုံးနိုင်သည့် ပုစွန်ဆိတ်သည် အမှိုက်ဖြစ်သွားပါသည်။ သို့ရာတွင် ပုစွန်ဆိတ်ကို "လေဟာနယ် အခန်းကျယ်" ထဲတွင် ထည့်လိုက်သည့်အခါ တစ်ရက်ကြာသွားသည့်တိုင် ၎င်း၏ လတ်ဆတ်မှု၊ အရောင်အဆင်းနှင့် အရသာမှာ ပြောင်းလဲ မသွားခဲ့ပါ။
အခြား မှတ်ချက်များတွင် ပါဝင်သည်များမှာ- “ပုံမှန် အစားအစာတွေတောင် တစ်ရက်လောက်ကြာသွားရင် အသားရဲ့ လတ်ဆတ်မှုနဲ့ အရောင်က ပုံမှန်ဆို ပြောင်းသွားလေ့ရှိပါတယ်။ ခု ဒီပစ္စည်းက အစားအစာရဲ့ အရောင်၊ လတ်ဆတ်မှုနဲ့ တောက်ပမှုကို နဂိုအတိုင်း ထိန်းသိမ်းထားပေးနိုင်တာ တကယ့်ကို အံ့သြစရာကောင်းတဲ့ တွေ့ရှိချက်ပါပဲ”။ အခြားတစ်ယောက်က ပြောသည်မှာ- “မနေ့က သုပ်ထားတဲ့ အသုပ်ကို ထုပ်ပိုးမှု မလုပ်ဘဲ ရေခဲသေတ္တာထဲ ထည့်ထားရင်တောင် အရွက်တွေက ညှိုးမသွားတဲ့အတွက် တကယ့်ကို အကူအညီ ဖြစ်စေပါတယ်"။ ဖောက်သည်များ ပျော်ရွှင်မှုရှိကြောင်း ယခုကဲ့သို့ မှတ်ချက်များကို ကျွန်ုပ်တို့ ရရှိခဲ့ပြီး ဖြစ်သည့်အတွက် ကျွန်ုပ်တို့ ကြိုးစားအားထုတ်ရကျိုး နပ်သွားပါသည်။

လေဟာနယ် အခန်းကျယ် နည်းပညာကို အခြေပြု၍ လတ်ဆတ်စွာ သိမ်းထားပေးနိုင်မည့် နောက်ထပ် နည်းပညာများ ဆက်လက် ဖော်ဆောင်ခြင်း

ယခုအချိန်အထိ ပြုလုပ်နိုင်ခဲ့သော တိုးတက်မှု အခြေအနေကို အခြေခံကာ ကျွန်ုပ်တို့သည် လတ်ဆတ်မှုအတွက် တစိုက်မတ်မတ် ဆောင်ရွက်ရင်း တစ်နေ့ထက်တစ်နေ့ တိုးတက်မှု ရှိလာစေရန် ဆက်လက်အားထုတ်နေပါသည်။ "လေဟာနယ် အခန်းကျယ်" ထဲရှိ ဗီတာမင် စီကို ထုတ်ပေးခြင်းနှင့် အခန်းထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကို ချိန်ညှိခြင်းတို့ အပါအဝင် သုတေသနပေါင်း မြောက်များစွာကို ကျွန်ုပ်တို့ ဆောင်ရွက်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် ရေခဲသေတ္တာ၏ သက်တမ်းတစ်လျှောက် လတ်ဆတ်မှုကို ထိန်းသိမ်းထားပေးနိုင်ရေး အားထုတ်မှုတွင် ဤလုပ်ဆောင်ချက်ကို ဟင်းသီးဟင်းရွက် အကန့်ထဲတွင် တစ်ဆင့်ပြီးတစ်ဆင့် အသုံးချထားပါသည်။ ဟင်းသီးဟင်းရွက် အကန့်ကို အဖန်တလဲလဲ စမ်းသပ် စစ်ဆေးမှုများ လုပ်ဆောင်ရာတွင် ဂျပန်ရိုးရာ ပါဝင်ပစ္စည်းများအပြင် နံနံပင်နှင့် ကန်စွမ်းရွက်ကဲ့သို့ ဟင်းသီးဟင်းရွက်များလည်း ထည့်သွင်း စမ်းသပ်ခဲ့ပါသည်။

၎င်းသည် နိုင်ငံခြားတွင် ထုတ်လုပ်သည့် ရေခဲသတ္တာများတွင် "လေဟာနယ် အခန်းကျယ်" ကို ထည့်သွင်းရန် Side By Side ၏ ပထမဆုံးအကြိမ် ကြိုးပမ်းမှုတစ်ခု ဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်းရှိ လူထုကို မည်သည့်အရာက ပျော်ရွှင်အောင် လုပ်ဆောင်ပေးနိုင်သည်ကို စဉ်းစားပြီး သူတို့ အသုံးပြုလိုစိတ် ရှိနိုင်သည့် အရာတစ်ခုကို တင်ပြရခြင်းကပင်လျှင် သူတို့နှင့် ပို၍ နီးကပ်မှုရှိလာစေသည်ဟု ကျွန်ုပ်တို့ ယုံကြည်ထားပါသည်။ ကျွန်ုပ်တို့ စိတ်ပင် မကူးဘူးသည့် ဤနည်းပညာအတွက် အသုံးပြုနည်း အသစ်များကို နိုင်ငံရပ်ခြားတွင် ဆက်လက်ရှာဖွေရင်း ထိုတွေ့ရှိချက်များကို ပိုမိုကောင်းမွန်သော ထုတ်ကုန်များ ထုတ်လုပ်ရာတွင် အသုံးချသွားမည်ဟု မျှော်လင့်ထားပါသည်။

*လေဟာနယ်ဟု ဆိုရာတွင် ဖိသားသည် လေထုဖိအားထက် နည်းနေသည့် နေရာတစ်ခုကို ဆိုလိုပါသည်။ လေဟာနယ် အခန်းကျယ်ထဲရှိ ဖိအားသည် 0.8atm ခန့်ရှိပြီး လေထု ဖိအားထက် ပို၍ နည်းသည့်အတွက် Hitachi က ၎င်းကို လေဟာနယ်ဟု ခေါ်ခြင်း ဖြစ်ပါသည်။

By continuing to use this website you are explicitly agreeing to allow us to store cookies in your browser for a better experience.
The EU Data Protection Directive states we're bound to offer you an explanation as to why we use cookies on our website.

Click here to find out what cookies we use and why.
Accept