တန်ဖိုးအသစ်ကို ဖန်တီးခြင်း

ထုတ်ကုန်များဖွံ့ဖြိုးတိုးတက်မှု ဇာတ်လမ်းများ

လေဟာနယ် အကန့်ပုံစံ တည်ဆောက်မှု ဒီဇိုင်း

အကြိမ်ကြိမ် စမ်းသပ်စစ်ဆေးပြီး ရရှိသော ချို့ယွင်းချက်များကို ပြုပြင်ပြီးနောက် ကျွန်ုပ်တို့သည် အမှန်တကယ်ဂုဏ်ယူရသည့် အားထားနိုင်သော ထုတ်ကုန်တစ်ခုကို ဖန်တီးထားပါသည်။

Hideki Yoshida and Masakazu Kano – from the Products Division Refrigeration and Heating Home Appliances Unit Design Department,
Tokyo – are the engineers who invented the first "Vacuum Compartment".

အစားအစာများနှင့် ပါဝင်ပစ္စည်းများ ပုပ်သိုးမသွားစေရန် ထိန်းသိမ်းထားနိုင်မည့် နည်းကို အကဲဖြတ်သောအခါ ကျွန်ုပ်တို့သည် လေဟာနယ်တစ်ခုကို ဖန်တီးရန် အကြံတစ်ခု ရခဲ့ပါသည်။ ဤစိတ်ကူးကြောင့် ကျွန်ုပ်တို့စိတ်လှုပ်ရှားခဲ့ရသော်လည်း အကောင်အထည်ဖော်သည့်အခါ ပို၍ ခက်ခဲနေခဲ့သည် - လေဟာနယ်တစ်ခုကို ခံနိုင်ရည်ရှိမည့် ပုံစံတစ်ခုကို ဖန်တီးနိုင်ရန် တစ်နှစ်ကျော်ကြာ အမှားအယွင်းများစွာနှင့် စမ်းသပ်ခဲ့သည်။

ပြီးပြည့်စုံမှုကို ရရှိရန် မရပ်မနားစမ်းသပ်ခြင်း

ကျွန်ုပ်တို့ ပထမဆုံး ဈေးကွက်တင် ရောင်းချခဲ့သည့် "လေဟာနယ်အကန့်" (Vacuum Compartment) သည် လက်ရှိ အမျိုးအစားထက် အရွယ်အစားပိုကြီးသည်။
ကျွန်ုပ်တို့သည် အပေါ်ပိုင်း အပြားကို ဖန်ဖြင့် ပြုလုပ်ခဲ့ပြီး ပိုမိုခိုင်မာမှုရှိစေရန် ပလတ်စတစ်နေရာတွင် သံပြားကို ထည့်သွင်းခဲ့သည်။ ၎င်းပုံစံသည် ထုထည်အားဖြင့် 7 kg လေးသည်
"လေဟာနယ်အကန့်" (Vacuum Compartment) တွင် လေဟာနယ်ကို ဖန်တီးသောအခါ ပုံမှန် ကော်စေ့များဖြင့် ပြုလုပ်ထားသော အခန်းကို ပျက်စီးသွားစေလောက်အောင် လုံလောက်မှုရှိသော ဖိအား 500 kg ခန့်ကို အခန်း၏ အပေါ်ပိုင်းနှင့် အောက်ပိုင်း မျက်နှာပြင်နှစ်ခုလုံးအပေါ် သက်ရောက်စေခဲ့သည်။

2007 ခုနှစ်၊ ဂျပန်နိုင်ငံတွင် ဈေးကွက်တင် ရောင်းချခဲ့သော ပထမဆုံး "လေဟာနယ် အကန့်" ရေခဲသေတ္တာ။

အကြိမ်ကြိမ် စမ်းသပ်မှုများနှင့် အမှားများမှတစ်ဆင့် – အရွယ်အစားကြီးမားသည့် ပစ္စည်းကို ပိုမိုပေါ့ပါး၍ တာရှည်ခံသော ပစ္စည်းများဖြင့် အစားထိုးထားသဖြင့် ဖွဲ့စည်းတည်ဆောက်ပုံအားဖြင့်သာမက ပစ္စည်းအရည်အသွေးပိုင်းလည်း ပိုမိုကောင်းမွန်လာပါသည်။ ယခု ကျွန်ုပ်တို့သည် ပိုမိုပေါ့ပါးသော၊ အထူး ခံနိုင်ရည်မြင့် ကော်စေ့ကို အသုံးပြုသည့် ပိုမိုတာရှည်ခံသော ပုံစံကို ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ ပိုင်ရှင်က ၎င်းကို 10 နှစ်ကျော် အသုံးပြုသည်ဟု ယူဆကာ ကျွန်ုပ်တို့သည် ၎င်းကို အကြိမ်ထောင်ပေါင်းများစွာ ဖွင့်၊ ပိတ်လုပ်ကာ စမ်းသပ်မှုများပြုလုပ်ပြီး တာရှည်ခံမှုနှင့် အရည်အသွေးကို စစ်ဆေး အောင်မြင်ခဲ့ပြီး ဖြစ်ပါသည်။

အသေးစိတ်ကအစ အကောင်းဆုံး အရည်အသွေး

လေဟာနယ်တစ်ခုကို ဖန်တီးသည့်အခါ အကန့်ကို လေလုံအောင် သေချာ ပိတ်ထားရန် အရေးကြီးသည်။
"လေဟာနယ်အကန့်" လေစုပ်စက်သည် စွမ်းဆောင်ရည်မြင့်မားသော်လည်း ကျစ်လစ်သိပ်သည်းသည်။ ဆိုလိုသည်မှာ "လေဟာနယ်အကန့်" တံခါး၏ ဂတ်စကတ်ထဲတွင် ဆံချည်မျှင်တစ်ပင်လောက်စာ– အနည်းငယ် ကွာဟနေလျှင်ပင် ဖိအားကို လျှော့ချ၍မရပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် လေဟာနယ်ကို ထိန်းသိမ်းထားပေးနိုင်မည့် အမြင်ဖြင့် အကန့် ဂတ်စကတ်ကို တီထွင်ရန် စမ်းသပ်မှုပေါင်း အကြိမ်ကြိမ်နှင့် အမှားအယွင်းရှိမရှိ စစ်ဆေးမှုပေါင်းများစွာကို လုပ်ဆောင်ခဲ့သည်။

အထူအပါး မတူညီသည့် ပိုမိုပါးလွှာသော "ကွိုင်" နှင့် ပိုထူသော "အောက်ခြေ" ဖြင့် ဖွဲ့စည်းထားသော V ပုံသဏ္ဌာန် ဂတ်စကတ် အကန့်ထိ အသေးစိတ်ကအစ ကြည့်ရှု၍ အရည်အသွေးကောင်းပစ္စည်းကို ဖန်တီးထားပါသည်။ ပိုမိုပါးလွှာသော "ကွိုင်" ပုံသဏ္ဌာန်သည် ပင်မ စက်ကြီးနှင့် လုံးဝ အံဝင်ခွင်ကျ ရှိပါသည်။ လေဟာနယ်တစ်ခုကို ဖန်တီးသောအခါ စွမ်းဆောင်ရည်ကောင်းသော်လည်း ဂတ်စကတ်က ပါးလွန်းလျှင် လေဟာနယ်ကို ထိန်းသိမ်းထားနိုင်စွမ်း လျော့ကျသွားပါမည်။ ဆန့်ကျင်ဘက်အနေဖြင့် အောက်ခြေဟု ခေါ်သည့် V ပုံသဏ္ဌာန် ဂတ်စကတ်၏ တံခါးဘေးဘက်သည် ပိုထူသည်။ ဖိအားကို လျှော့ချလိုက်သည့်အခါ လေဟာနယ်ကို ထိန်းသိမ်းထားပေးရန်အတွက် "ကွိုင်" နှင့် "အောက်ခြေ" နှစ်ခုလုံး၏ အထူသည် အတူအတွအလုပ်လုပ်ကြသည်။
ကျွန်ုပ်တို့သည် လေဟာနယ် အကန့်ထဲတွင် အစားအစာများကို ကြာရှည်စွာ၊ လတ်လတ်ဆတ်ဆတ် ထိန်းသိမ်းထားရန် ဤ V ပုံသဏ္ဌာန် ဂတ်စကတ်ဖြင့် ဖိအားလျှော့သည့် အားကို ထိန်းသိမ်းထားနိုင်ပါသည်။

အသုံးပြုရလွယ်ကူခြင်းနှင့် အသံကအစ အလေးထား ပြုလုပ်ထားခြင်း...

အသုံးပြုရလွယ်ကူခြင်း ဟူသော ရှုထောင့်မှကြည့်လျှင်လည်း ကျွန်ုပ်တို့သည် သုံးစွဲသူများအတွက် ခက်ခဲသော အရာများကို မပြုလုပ်မိရန် အရေးကြီးသည်။ ထို့ကြောင့် အကန့်ကို ဖွင့်လိုက်သည်နှင့် လေဟာနယ် ထွက်သွားစေရန် လက်ကိုင်တွင် ဗားတစ်ခုကို ထည့်ပေးထားပါသည်။

လေဟာနယ်ကို လွှတ်လိုက်သောအခါ ထွက်လာသော လေ၏ အသံကိုလည်း ကျွန်ုပ်တို့ အထူး အားရုံစိုက်ခဲ့သည်။ ၎င်းသည် အခြားအရာများထက် ပို၍ စိတ်ကျေနပ်ဖွယ်ကောင်းသော လေဟာနယ် အာရုံခံစားမှုကို ပေးစွမ်းပါသည်။ ၎င်းကို အသုံးပြုချိန်တွင် စူးရှသော အသံ မဖြစ်စေရန် ကျွန်ုပ်တို့သသည် အသံများစွာကို ဖန်တီး စမ်းသပ်ခဲ့ပါသည်။

ခိုင်မာသော တီထွင်ဆန်းသစ်မှု

ကျွန်ုပ်တို့၏အလုပ်တွင် ကျွန်ုပ်တို့ တန်ဖိုးအထားဆုံးအရာမှာ ပစ္စည်းတစ်ခုကို ဝတ်ကျေတန်းကျေ ဖန်တီးလိုက်ခြင်း မဟုတ်ဘဲ လေးစားတန်ဖိုးထားရပြီး ယုံကြည် စိတ်ချရသော ထုတ်ကုန်တစ်ခုကို ဖန်တီးခြင်းပင် ဖြစ်ပါသည်။ ၎င်းသည် Hitachi စံနှုန်းများ၏ ပင်ကိုယ် ဝိသေသလက္ခဏာ တစ်ခုဖြစ်သည်ဟု ကျွန်ုပ်တို့ ယူဆပါသည်။ ကျွန်ုပ်တို့သည် တစ်ဦးချင်းစီ၏ ရှုထောင့်မှနေ၍ အမြဲ သတိရှိရှိဖြင့် ထုတ်ကုန်များကို စဉ်းစား တီထွင်ဖန်တီးကြပါသည်။ ကျွန်ုပ်တို့သည် မည်သည့်အရာများက ကျွန်ုပ်တို့ တစ်ဦးတစ်ယောက်ချင်းဆီအတွက် သက်သောင့်သက်သာရှိပြီး အဆင်ပြေမည်နည်းဟု ထပ်တလဲလဲ မေးမြန်းပါသည်။

"လေဟာနယ်အကန့်" (Vacuum Compartment) တွင် လတ်ဆက်မှုကို အကောင်းဆုံး ထိန်းသိမ်းပေးထားနိုင်စွမ်း ရှိသည်ဟု ကျွန်ုပ်တို့ အခိုင်အမာ ယုံကြည်ထားပါသည်။ "လေဟာနယ်အကန့်" ကို သုံးစွဲသည့်အခါ သုံးစွဲသူများ၏ စိတ်ကျေနပ်မှု၊လုပ်ဆောင်ချက်များကို နှစ်သက်မှု၊ ၎င်းတို့၏ စားပွဲပေါ်တွင် လတ်ဆက်သော အစားအစာများကို အဆင်သင့် ရရှိနိုင်မှုကို မြင်တွေ့ရသည်မှာ အင်ဂျင်နီယာများဖြစ်သော ကျွန်ုပ်တို့အတွက် အလွန်အင်မတန် ပျော်စရာကောင်းပါသည်။

*လေဟာနယ် ဆိုသည်မှာ လေထုဖိအားထက် ဖိအားပိုနည်းသော နေရာတစ်ခုကို ဆိုလိုပါသည်။ လေဟာနယ်အကန့်ထဲရှိ ဖိအားမှာ လေထုဖိအားထက် ပိုနည်းပြီး 0.8 atm ခန့် ရှိသဖြင့် Hitachi က ယင်းကို လေဟာနယ်ဟု ခေါ်ခြင်း ဖြစ်ပါသည်။

By continuing to use this website you are explicitly agreeing to allow us to store cookies in your browser for a better experience.
The EU Data Protection Directive states we're bound to offer you an explanation as to why we use cookies on our website.

Click here to find out what cookies we use and why.
Accept