တန်ဖိုးအသစ်ကို ဖန်တီးခြင်း

ထုတ်ကုန်များဖွံ့ဖြိုးတိုးတက်မှု ဇာတ်လမ်းများ

Side by Side ရေခဲသေတ္တာ ဒီဇိုင်း

လူတို့၏ လိုအပ်ချက်များနှင့် အကြွင်းမဲ့ သဟဇာတဖြစ်စေမည့် အနုပညာဆန်ဆန် အလှတရားကို တာဝန်သိသိဖြင့် ဖန်တီးခြင်း။

Kohei Shirai – from the Product Design Department Global Center
for Social Innovation in Tokyo – is the meticulous designer of Hitachi's new Side By Side Refrigerator.

Side By Side ရေခဲသေတ္တာ အသစ်အတွက် မည်သည့်ဒီဇိုင်းက မှန်ကန်သည့် ဒီဇိုင်း ဖြစ်ပါသလဲ။

Side By Side Grande စီးရီး ရေခဲသေတ္တာတွင် ပြင်ပ မှန်တံခါးကို အသွင်သစ်၊ အမြင်သစ်စေရန် ဗဟုဂံပုံစံ ဒီဇိုင်း ပြုလုပ်ထားပြီး အရောင်အားဖြင့်လည်း အရောင်အသစ်ဖြစ်သော ဖန်ထည် ကြေးအရောင် (GBZ) ဖြင့် ဖြည့်စွက် အလှဆင်ထားပါသည်။

အတွင်းပိုင်းတွင်လည်း အစားအစာများကို လတ်လတ်ဆတ်ဆတ်ဖြင့် အာဟာရ ပြည့်ဝစွာ ထိန်းသိမ်းထားပေးနိုင်မည့် "လေဟာနယ် အခန်းကျယ်" ပုံစံအသစ်ကို အနုပညာဆန်ဆန် တည်ဆောက်ဖန်တီးပေးထားပါသည်။ ရေခဲသေတ္တာ၏ ရေတိုင်ကီပုံစံကိုလည်း ပြောင်းထားသည့်အပြင် "လေဟာနယ် အခန်းကျယ်" ၏ ဘေးဘက်သို့ ပြောင်းလဲ ထည့်ပေးပါသည်။ ပရီမီယံ ထုတ်ကုန်တစ်ခု၏ အရည်အသွေးကို သုံးစွဲရသည့် ခံစားချက်မျိုးပေးစွမ်းရန် ရည်ရွယ်ကာ ရေခဲသေတ္တာ အကန့်၏ ထိပ်ဆုံး အနောက်ဘက်တွင် အလူမီနီယံပြားကိုလည်း ထည့်သွင်း တပ်ဆင်ပေးထားသေးသည်။

ဤရေခဲသေတ္တာအသစ်ကို ဒီဇိုင်းဖော်စဉ် အရေးအကြီးဆုံး စံနှုန်းမှာ သုံးစွဲသူတို့၏ လိုအပ်ချက်များကို စဉ်းစားကာ အာရုံစိုက် ဒီဇိုင်းဖော်ထားခြင်းပင် ဖြစ်ပါသည်။ ဤခက်ခဲသော ရည်မှန်းချက်သို့ ရောက်ရှိပြီး ဒီဇိုင်းအသစ်ကို အပြီးသတ်နိုင်စေရန် ကျွန်ုပ်တို့သည် အချိန်များစွာ ယူခဲ့ရပြီး အစွမ်းရှိသမျှ ကြိုးစားအားထုတ်ခဲ့ရပါသည်။

Side By Side ရေခဲသေတ္တာပုံစံအဟောင်းတွင် ကျွန်ုပ်တို့သည် စိန်တုံး (DIA) ပုံစံကို တီထွင်ခဲ့ပြီးနောက် ထိုထူးခြားဒီဇိုင်းကို ဈေးကွက်တိုင်းတွင် လက်ခံခဲ့ကြသည့်အတွက် ထိုဒီဇိုင်း သဘောတရားကိုပင် ဆက်လက်ကိုင်စွဲ အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။

၎င်းကိုစိတ်ထဲတွင် ထည့်လျက် ကျွန်ုပ်တို့သည် ဒီဇိုင်းပြောင်းသော်လည်း DIA ပုံစံအတိုင်း ဆက်လက်ထားရှိထားသည့် ဒီဇိုင်းများ၊ မျက်နှာပြင်တစ်ခုကဲ့သို့ ခံစားချက်များ ပေးစွမ်းနိုင်သည့် ဒီဇိုင်းများ စသည့် အဆိုပြုလာသည့် ဒီဇိုင်းပေါင်း ဒါဇင်ကျော်ကို ပုံကြမ်းအဆင့်တွင် စဉ်းစားခဲ့ပါသည်။ ထိုစိတ်ကူးပေါင်းများစွာထဲမှ နောက်ဆုံး ကျွန်ုပ်တို့ ရွေးချယ်ခဲ့သော ဗဟုဂံပုံစံ ဒီဇိုင်းသည် ရေခဲသေတ္တာကို သုံးဖက်မြင်ပုံစံ ပြသနိုင်မည့် နည်းလမ်းတစ်ခုအဖြစ် ညီညာပြန့်ပြူးသော ဖန်သားပေါ်တွင် အနားများစွာပါရှိသော ဒီဇိုင်းကို ပရင့်ထုတ်လိုက်ရာမှ ရရှိခဲ့သော သဘောတရားမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ ထုတ်ဆစ်ပုံဖော်ထားသော ဒီဇိုင်းတစ်ခုသဖွယ် မြင်နေကျပုံစံ မဟုတ်သည့် အစိတ်အပိုင်းများကို ပေါင်းစည်းပြီး မျက်နှာပြင်များကို ဖယ်ထုတ်လိုက်ခြင်းဖြင့် ကျွန်ုပ်တို့၏ လှုပ်ရှားမှု အသစ်များနှင့် မျက်နှာ အမူအရာများကို ဖော်ပြလိုက်နိုင်သည်ဟု ကျွန်ုပ်တို့ ခံစားခဲ့ရပါသည်။ ထို့နောက် ကျွန်ုပ်တို့သည် ဒီဇိုင်း အဆိုပြုချက်များကို ထပ်မံ စစ်ဆေးကာ အက်ခရိလစ် ဘုတ်ပြားများပေါ်တွင် အဆိုပြု ဒီဇိုင်းများစွာကို ပရင့်ထုတ်လိုက်ပြီး ၎င်းတို့၏ လက်တွေ့ အရွယ်အစားကို စစ်ဆေးခဲ့ကြပါသည်။ ယင်းနောက် ကျွန်ုပ်တို့သည် ၎င်းတို့ကို မှန်ပြားများပေါ်တွင် လက်တွေ့ ပရင့်ထုတ်လိုက်ပြီး အရောင်၊ ပုံစံနှင့် သတ္တုဖြင့် လုပ်ထားသည့် အပိုင်းလေးများကို အနုစိတ် စစ်ဆေးခဲ့ကြပါသည်။ အထူးသဖြင့် ကျွန်ုပ်တို့ ပေးလိုသည့် ဗဟုဂံပုံစံ၏ အရွယ်အစားနှင့် နက်နဲမှု ခံစားချက်ကို မှန်မှန်ကန်ကန် ဖော်ပြနိုင်ခြင်း ရှိမရှိ သိရှိရန် လုပ်ဆောင်ခဲ့ကြပါသည်။

ဈေးကွက်တွင်း ရေပန်းစားနေသည့် စိတ်ကူးများသာမက နေ့စဉ်ဘဝတွင် အသုံးချရင်း ရရှိသည့် စိတ်ကူးများကိုပါ ထည့်သွင်း၍ ဉာဏ်ကွန့်မြူးထားသော ဒီဇိုင်းဖြစ်စေရန် ကျွန်ုပ်တို့ ကြိုးစား အားထုတ်ခဲ့ကြပါသည်။

ယင်းနောက် ကျွန်ုပ်တို့သည် ရုံးတွင်းရှိ သက်ဆိုင်သူများကိုပါ စုဝေးစေကာ နမူနာ စစ်တမ်းသုံးခု ဖြေဆိုစေ၍ ၎င်းတို့၏ ထင်မြင်ချက်များကို ရယူခဲ့ပါသည်။ နောက်တစ်ဆင့်အဖြစ် ကျွန်ုပ်တို့သည် နမူနာပုံစံများကို နိုင်ငံအသီးသီးရှိ အရောင်း ကုမ္ပဏီများနှင့် အရောင်း မြှင့်တင်သူများထံ ယူဆောင်သွားခဲ့ပြီး ၎င်းတို့၏ အမြင်ရှုထောင့်ကိုလည်း တောင်းခံခဲ့ပါသည်။

ကျွန်ုပ်တို့၏ ဖောက်သည်များနှင့် တိုက်ရိုက်တွေ့ဆုံ၍ ထဲထဲဝင်ဝင် ဆွေးနွေးပြောဆိုခြင်းဖြင့် စိတ်ကူးအသစ်များကို ရှာဖွေတွေ့ရှိခဲ့ကြပါသည်။ ဒီဇိုင်းအသစ်ထွင်ရန် ကျွန်ုပ်တို့ ကြိုးစားအားထုတ်နေစဉ် "အဝေးကပင် ထင်းခနဲ ပေါ်လွင် မြင်သာနိုင်မည့် ပုံစံ" ကို ကောင်းစွာ လက်ခံထားကြသော်လည်း ဒီဇိုင်းပညာရှင်၏ ရှုထောင့်မှဆိုရလျှင် ထိုမှန်တံခါးအသစ် ဒီဇိုင်းသည် ၎င်း၏ အတွင်းပိုင်း ဒီဇိုင်းနှင့် လိုက်ဖက်ညီမှု ရှိမရှိကို ကျွန်ုပ်တို့ အပြည့်အဝ လက်ခံ၍ မရခဲ့သေးပါ။ သို့ရာတွင် ကျွန်ုပ်တို့ ဖောက်သည်များထံမှ ထင်မြင်ချက်များကို အမှန်တကယ် ကြားသိရသည့်အခါတွင်မူ ဗဟုဂံပုံစံ မှန်တံခါး ဒီဇိုင်းသည် "အတွင်းဘက် ဒီဇိုင်းနှင့် သဟဇာတ" ဖြစ်လှသည်ဟု အများစုက ကျွန်ုပ်တို့ကို ပြောပြခဲ့ကြပါသည်။ ဒီဇိုင်းပညာရှင်၏ ရှုထောင့်မှဆိုလျှင် ယင်းက နားလည်ရ ခက်ခဲနေသော်လည်း အတွင်းကျကျ ပို၍ လေ့လာလေလေ "ပိုပြီး သုံးဖက်မြင်ပုံစံ ဖြစ်တယ်"၊ "ထိထိရောက်ရောက် အကျိုးရှိရှိ အသုံးချထားတဲ့ ဒီဇိုင်း ဖြစ်တယ်"၊ "ဘယ်သူမှ မထွင်သေးတဲ့ ပုံစံဖြစ်တယ်" ဟူသော ကြားနေကျ အဓိက စကားလုံးများကို ကြားသိခဲ့ရပြီး "မတူညီမှုကို ထင်းခနဲ ပေါ်လွင်နေစေသည့် ဤပုံစံသည် အတွင်းပိုင်း ပုံစံနှင့် လိုက်ဖက်မှု ရှိသည်" ဟု လူအများ ယုံကြည်ကြသည်ကို ကျွန်ုပ်တို့ ရှာဖွေ တွေ့ရှိခဲ့ကြပါသည်။ ထိုသို့ ရှာဖွေ မတွေ့ရသေးခင် အချိန်အထိ ကျွန်ုပ်တို့သည် ပတ်ဝန်းကျင်နှင့် အံဝင်ခွင်ကျဖြစ်မည့် ဒီဇိုင်းသည် အတွင်းပိုင်းပုံစံနှင့် သဟဇာတဖြစ်သည့် ဒီဇိုင်းပင် ဖြစ်သည်ဟု ယူဆခဲ့ကြပါသည်။ ယခု အမျိုးမျိုးသော ရှုထောင့်အမြင်များကို ကျွန်ုပ်တို့ ရရှိခဲ့ပြီးနောက် ခြောက်လကျော်ကာလအတွင်း ဗဟုဂံပုံစံ မှန်တံခါးဒီဇိုင်းကို ကျွန်ုပ်တို့ အပြီးသတ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ထို့အပြင် ကျွန်ုပ်တို့သည် အသုံးပြုရ လွယ်ကူမှု၊ သုံးစွဲသူနှင့် အကျွမ်းတဝင် ရှိမှုနှင့် အိမ်တွင်း လက်တွေ့ အခြေအနေတွင် အသုံးဝင်မှုတို့ကို အကဲဖြတ်ရန် သက်ဆိုင်ရာ ဌာနများနှင့်အတူ စောင့်ကြည့် စမ်းသပ် စစ်ဆေးမှုများကိုလည်း လုပ်ဆောင်ခဲ့ပါသည်။ အသစ် ထည့်သွင်း တပ်ဆင်ပေးထားသည့် လေဟာနယ် အခန်းနှင့်အတူ ဗဟုဂံပုံစံ ဖန်တံခါး ဒီဇိုင်းကို အသုံးပြုသည့်အခါ အဆင်ပြေ၊ မပြေကိုလည်း ကျွန်ုပ်တို့က သုံးစွဲသူများကို မေးမြန်းခဲ့ပါသည်။ "သုံးစွဲသူများကို အာရုံစိုက်ရမည်" ဟူသော သဘောတရားကို လက်ခံကျင့်သုံးပြီး ဤအရာအားလုံးကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ရေတိုင်ကီအဖုံး၏ အတွင်းပိုင်း ဒီဇိုင်းကိုလည်း ပြောင်းလဲခဲ့ပါသေးသည်။ ယခင်က လျှောတိုက် တွန်းရသည့် အဖုံးပုံစံကို ကျွန်ုပ်တို့ အဆိုပြုခဲ့သော်လည်း ရေတိုင်ကီထဲရှိ ရေပမာဏနှင့် အသုံးဝင်မှုကို ထည့်သွင်းစဉ်းစားလိုက်ပြီးနောက် တစ်ချက်ထိလိုက်ရုံဖြင့် လွယ်လွယ်ကူကူ အသုံးပြု ဖွင့်နိုင်စေရန် ဒီဇိုင်း နည်းစနစ်ကို ပြောင်းလဲခဲ့ပါသည်။

ဖောက်သည်များ၏ အသံကို နားထောင်ပြီး နားလည်သိရှိအောင် လုပ်ဆောင်ရမည်ဟူသော သဘောတရားသည် အလိုအလျောက် စိတ်ထဲမှသိနေသည့် သဘောတရားတစ်ခု ဖြစ်ပြီး ကျွန်ုပ်တို့အတွက် လုပ်ရိုးလုပ်စဉ် လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်နေပါသည်။ လူတို့၏ လက်သည်းများ လှမ်းမီနိုင်သည့်နေရာ/အနက်ကို လေ့လာခြင်းဖြင့် ဒီဇိုင်းတစ်ခုလုံးအတွက် ရေခဲသေတ္တာ တံခါးလက်ကိုင်များ ပြီးပြည့်စုံမှု ရှိနေအောင် ကျွန်ုပ်တို့ အားထုတ်ခဲ့ပုံမှာလည်း ဤအချက်ကို လက်တွေ့ပြနေသည့် အခြား နမူနာတစ်ခုပင် ဖြစ်ပါသည်။ ယင်းသည် "သင့်လိုအပ်ချက်များအပေါ် အာရုံစိုက်ရန်" ဟူသော ကျွန်ုပ်တို့၏ ရည်မှန်းချက်ကို တစ်စိုက်မတ်မတ် ဖော်ဆောင်ရာတွင် သုံးစွဲသူ၏ သဘောထားကို နားလည်ရန် အသေးစိတ် စေ့စေ့စပ်စပ် လုပ်ဆောင်ထားကြောင်း ပြသနေသည့် အထောက်အထား နောက်တစ်ခုပင်ဖြစ်သည်။

ဈေးကွက်တွင်း ရေပန်းစားနေသည့် စိတ်ကူးများသာမက နေ့စဉ်ဘဝတွင် အသုံးချရင်း ရရှိသည့် စိတ်ကူးများကိုပါ ထည့်သွင်း၍ ဉာဏ်ကွန့်မြူးထားသော ဒီဇိုင်းဖြစ်စေရန် ကျွန်ုပ်တို့ ကြိုးစား အားထုတ်ခဲ့ကြပါသည်။ အချက်အလက်အသစ်များကို ရှာဖွေရင်း အရာဝတ္တုများကိုလည်း လေ့လာခြင်းဖြင့် နေ့စဉ်ဘဝမှ လေ့လာ သင်ယူနေခြင်းသည် သင်၏ အမြင်ရှုထောင့်ကို အတော်လေး ပြောင်းလဲသွားစေပါသည်။ "လူသားများအတွက် တကယ်ကောင်းမွန်သည့် ဒီဇိုင်းနှင့် ထုတ်ကုန်က မည်သည့်အရာ ဖြစ်ပါသလဲ။" ဟူသည့် မေးခွန်းအတွက် အဖြေထုတ်ရန် ဆက်လက်ကြိုးစားအားထုတ်ရင်း သင့်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို ရွေးချယ် ဖန်တီးဖော်ဆောင်သွားမည် ဖြစ်ပါသည်။

"Kyoso-no-mori"
(Hitachi Ltd. သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး)

By continuing to use this website you are explicitly agreeing to allow us to store cookies in your browser for a better experience.
The EU Data Protection Directive states we're bound to offer you an explanation as to why we use cookies on our website.

Click here to find out what cookies we use and why.
Accept