တန်ဖိုးအသစ်ကို ဖန်တီးခြင်း

ထုတ်ကုန်များဖွံ့ဖြိုးတိုးတက်မှု ဇာတ်လမ်းများ

ဒီဇိုင်းပိုင်းဆိုင်ရာ အတွေးအမြင်

ကျွန်ုပ်တို့သည် နှစ်ပေါင်းများစွာ ကြာသည့်တိုင်
နှစ်သက်သဘောကျ၍ တန်ဖိုးထားကြမည့် ထုတ်ကုန် ဒီဇိုင်းများကို ဖန်တီးမည်ဟု ကတိပြုထားပါသည်။

Satoshi Sukeguchi and Shingo Hirose – from the Product Design Department Global Center for Social Innovation,
Tokyo – are the Senior Designers who lead the new design philosophy of Hitachi Global Life Solutions. 

Hitachi သည် လူသားအားလုံး ခေတ်မီပြီး အဓိပ္ပါယ်ပြည့်ဝသော ဘဝများ ပိုင်ဆိုင်နိုင်စေရေးအတွက် လူမှုဘဝလိုအပ်ချက်များကို ဆန်းသစ်တီထွင်မှုမှတစ်ဆင့် ဖြည့်ဆည်းပေးရင်း အရည်အသွေးမီ ဘဝအဆင့်အတန်းတစ်ခု (Quality of Life) ကို မြှင့်တင်ပေးရန် ရည်ရွယ်ထားပါသည်။

ပေးထားသည့် တန်ဖိုးအလျောက် အဆက်မပြတ် ဆောင်ရွက်ခြင်း

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဒီဇိုင်နာများနှင့်အတူ လူသားများအတွက် ကျွန်ုပ်တို့ ပံ့ပိုးပေးနိုင်သည့် စံနှုန်းတစ်ခုအပေါ် အာရုံစိုက်၍ ဤပန်းတိုင်ဆီသို့ ရောက်ရှိစေရေး အဆက်မပြတ် အားထုတ်ဆောင်ရွက်လျက် ရှိပါသည်။ ထိုစံနှုန်းတစ်ခုကို ပေးစွမ်းနိုင်ရန်မှာ အရင်ဆုံး လူသားများနှင့် ၎င်းတို့၏ နေထိုင်မှုပုံစံများကို ကောင်းစွာ နားလည်ရန် လိုအပ်သည်ဟု ယုံကြည်ထားပါသည်။ အထူးသဖြင့် ကျွန်ုပ်တို့သည် ဖောက်သည်များနှင့်အတူ လက်တွဲပြီး စံနှုန်းအသစ်တစ်ခု ပူးတွဲ ဖန်တီးနိုင်စေရေး ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေပါသည်။

အိမ်သုံးပစ္စည်းများသည် Hitachi နှင့် သုံးစွဲသူများကို ချိတ်ဆက်ပေးနေသည့် ကြားခံပစ္စည်းတစ်ခုပင် ဖြစ်ပြီး ထိုပစ္စည်းကပင်လျှင် လူသားများ၏ Quality of Life တိုးတက်စေမည့် စံနှုန်းကို ကျွန်ုပ်တို့ တိုက်ရိုက် ပေးစွမ်းနိုင်သည့် နယ်ပယ်တစ်ခုဖြစ်သည်ဟုလည်း ကျွန်ုပ်တို့ ရိုးသားစွာ ယုံကြည်ထားပါသည်။

ကျွန်ုပ်တို့ ကိုယ်တိုင်မြင်တွေ့ခဲ့မှသာ ယုံတော့သည်!

အထူးသဖြင့် ဤနယ်ပယ်အတွင်း ထုတ်ကုန်များကို အမှန်တကယ် သုံးစွဲနေကြသူများအား ကျွန်ုပ်တို့၏ မျက်လုံးနှစ်လုံးဖြင့် လေ့လာစောင့်ကြည့်ရန်နှင့် ထိုအတွေ့အကြုံမှတစ်ဆင့် သဘောပေါက် နားလည်အောင် လုပ်ဆောင်ရန် ကျွန်ုပ်တို့သည် အမြဲ သတိရှိနေကြပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကြိုတင် တွေးခေါ်ယူဆချက်များနှင့် အခြားသူ အသုံးပြုပြီးသား အချက်အလက်များအပေါ် မှီခိုခြင်း မရှိဘဲ ရှုထောင့်အမျိုးမျိုး၊ ဒေသအလိုက် နေထိုင်မှုပုံစံများနှင့် ခေတ်ရေစီးကြောင်းအလိုက် ကျွန်ုပ်တို့၏ ထုတ်ကုန်များအပေါ် သုံးစွဲသူများ၏ ထင်မြင်ချက်ကို လက်တွေ့ ရယူရန် ကြိုးစားကြပါသည်။

Side by Side Grande Series ရေခဲသေတ္တာ ဒီဇိုင်းကို ရေးဆွဲရန် တာဝန်ပေးအပ်ခံထားရသည့် ဒီဇိုင်နာနှစ်ယောက်ကလည်း လူသားများ၏ နေထိုင်မှုပုံစံများကို နားလည် သဘောပေါက်စေရန် ဈေးအသီးသီးသို့ သွားရောက် လေ့လာခဲ့ကြပါသည်။

ဒစ်ဂျစ်တယ်စနစ်ထက် သာလွန်ခြင်း

ကမ္ဘာကြီးသည် ဒစ်ဂျစ်တယ်စနစ်သို့ ပို၍ ပြောင်းလဲလာသည့်တိုင် အိမ်သုံးပစ္စည်း ဒီဇိုင်းများကို ဒစ်ဂျစ်တယ် နည်းပညာဖြင့် အလုံးစုံ အစားထိုး၍ မရနိုင်ကြောင်းနှင့် ရုပ်ပိုင်းဆိုင်ရာအားဖြင့် အသုံးဝင်ပြီး လက်တွေ့ အသုံးတည့်မှုမှာလည်း အလွန်အရေးကြီးသည်ဟု ယုံကြည်ထားပါသည်။

ဥပမာ- ရေခဲသေတ္တာတစ်လုံးတွင် တံခါးလက်ကိုင်သည် အသုံးပြုရ ခက်ခဲနေလျှင် သင် တံခါးကို ဖွင့်သည့်အကြိမ်တိုင်း စိတ်ဖိစီးနေပါလိမ့်မည်။ အပြင်ပန်းပုံပန်းသဏ္ဌာန်အားဖြင့် ဆွဲဆောင်မှု မရှိလျှင်လည်း မကောင်းပါ။ ထို့ကြောင့် ရေခဲသေတ္တာတစ်လုံးသည် မီးဖိုချောင်တွင်း အလှဆင်ထားသည့် ပုံစံနှင့် လိုက်ဖက်မှုရှိရှိ ကြည့်ကောင်းရမည့်အပြင် အသုံးပြုရ လွယ်ကူစေရန်မှာလည်း အလွန် အရေးကြီးပါသည်။ ဒီဇိုင်နာများသည် ကွန်ပျူတာ ဖန်သားပြင်ပေါ်က ပုံစံကို ကြည့်ရုံမျှဖြင့် ဒီဇိုင်းများ ဖန်တီးသည့်အစား အလုပ်ရုံသို့ သွားရောက်၍ ရှေ့ပြေးပုံစံများ အပြည့်အဝ လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို ကိုယ်တိုင်ကိုင်တွယ် အသုံးပြု၍ စစ်ဆေးပါသည်။ ကျွန်ုပ်တို့သည် သုံးစွဲသူများ ကြာရှည် တန်ဖိုးထားပြီး အလွယ်တကူ အသုံးပြုနိုင်မည့် ထုတ်ကုန်များကို ဖန်တီးရန် ကတိပြုထားပါသည်။ ဤပန်းတိုင်သို့ ရောက်ရှိရန် ဒီဇိုင်းပိုင်းဖြင့် အထောက်အကူပြုနိုင်သည်။

ချွင်းချက်မရှိ ယုံကြည်မှုရရှိစေမည့် ထုတ်ကုန်များကို သင့်အတွက် ပံ့ပိုးပေးခြင်း

Hitachi သည် သူငယ်ချင်းများနှင့် မိသားစုကို ချွင်းချက်မရှိ ယုံကြည်မှုအပြည့်ဖြင့် အကြံပြုပေးနိုင်စေမည့် ထုတ်ကုန်များကို သုံးစွဲသူများအတွက် ဆက်လက် ဖန်တီးမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အသုံးပြုသည့်အချိန်တိုင်း သုံးစွဲသူများ တန်ဖိုးထားမည့် လက်တွေ့အသုံးဝင်သော အိမ်သုံးပစ္စည်းများကို ဖန်တီးရန်ဟူသော ကျွန်ုပ်တို့၏ ရည်ရွယ်ချက်အတိုင်း – “လူသားများအား အလေးထား၍ နေ့စဉ်ဘဝတွင် အသုံးဝင်မည့် ပစ္စည်းဒီဇိုင်းများ” ကို ဆက်လက် ဖန်တီးနေဦးမည် ဖြစ်ပါသည်။

"Kyoso-no-mori"
(Hitachi Ltd. သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး)

By continuing to use this website you are explicitly agreeing to allow us to store cookies in your browser for a better experience.
The EU Data Protection Directive states we're bound to offer you an explanation as to why we use cookies on our website.

Click here to find out what cookies we use and why.
Accept